မင်းလှ မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေး လိုက်လံနှိုးဆော်ပေးခြင်းနှင့် မုန်တိုင်းဘေး အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ညနေပိုင်းက ကျေးရွာများအတွင်း သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာ၌ ထန်းပင်ကုန်းကျေးရွာ၊ အင်းဘုတ်ကုန်းကျေးရွာ၊ သဲကောကျေးရွာ၊ အောက်ကိုင်းကျေးရွာတို့တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဦးစီးအရာရှိ ဒေါ်ကေသီမြင့်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင်ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များအား လိုက်လံနှိုးဆော်ပေး၍ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)