သတင်းများ

လပွတ္တာမြို့နယ် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်
Mar 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ(၅)နာရီအချိန်က ရတနာဒီပ အားကစားကွင်း အတွင်း ဇာတ်တိုက်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ပေါင်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာ့ရိုးရာအ‌ခြေခံသိုင်းပညာသင်တန်း ဖွင့်လှစ်
Mar 31,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းကာ‌ နွေရာသီမြန်မာ့ရိုးရာအခြေခံသိုင်းပညာသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးမြို့တွင် အမျိုးသား​ဆေးဝါးဥပ​ဒေ၊​ ကောင်းမွန်​သော​ဆေးဝါး​ရောင်းချမှုကျင့်စဥ် သိ​ကောင်းစရာများ အသိပညာမြှင့်တင်ခြင်း သင်တန်းကျင်းပ                                                        
Mar 31,2023
ပဲခူးမြို့ရှိ လက်လီ/လက်ကား ​ဆေးဝါး​ရောင်းချသည့်​ ဆေးဆိုင်ပိုင်ရှင်များအား အမျိုးသား​ဆေးဝါး ဥပ​ဒေ၊ ကောင်းမွန်​သော ​ဆေးဝါး​ရောင်းချမှုကျင့်စဥ်နှင့် ကောင်းမွန်သောဆေးဝါး သို​လှောင်မှု ကျင့်စဥ်တို့၏သိကောင်းစရာများ အသိပညာမြှင့်တင်ခြင်းသင်တန်းကို ယ​မန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစားအ​သောက်နှင့်​ဆေးဝါးကွပ်ကဲ​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်
Mar 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃ခုနှစ် မတ်လအတွက် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်ပွဲ ကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်
Mar 31,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ပြည်သူများစာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) ကျင်းပပြုလုပ်
Mar 31,2023
ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌​ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ
Mar 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ နွေရာသီ အားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး သင်တန်းဆင်းပွဲကို ယမန်နေ့ နေလယ်ပိုင်း အချိန်က အဆိုပါရုံးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
ဘိုကလေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်
Mar 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအား ယနေ့ နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ် ပို့ချဆောင်ရွက်လျက်ရှိသည်။