လိပ်သိုဒေသရှိ ကျေးရွာအချို့မှဒေသခံများ မလွှပွင့်များအား စုဆောင်းသိုလှောင်ထားရှိ

လိပ်သို မေ ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောတောင်များ၊ ဥယျာဉ်ခြံများတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော မလွှပင်ကြီးများမှ မလွှပွင့်များကို  ဒေသခံအချို့က စားသုံးရန် စုဆောင်းအခြောက်ခံနေလှန်း သိုလှောင်ထားရှိလျက်ရှိကြောင်း သိရသည်။

ဒေသတွင်းတွင် မလွှပွင့်များကို ဆေးဘက်ဝင်စားသုံးရန်သိရှိသူများက မလွှပွင့်ချိန်တွင် ကောက်ယူစားသုံးလျက်ရှိကြသော်လည်း ဒေသခံအများစုမှာ ဆေးဘက်ဝင်ကြောင်း၊ စားသုံး၍ရကြောင်း မသိရှိကြပေ။ ယနေ့ကာလတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော မလွှပင်များကို အသုံးပြုရန် ခုတ်ယူသုံးစွဲမှုများကြောင့် မလွှပင်များ ရှားပါးလာလျက်ရှိကြောင်း သိရသည်။

မလွှပွင့်များကို ဆေးဘက်ဝင်စားသုံးရန်သိရှိသူများက မိမိတို့ဥယျာဉ်ခြံအတွင်းရှိ မလွှပင်များကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး လမ်းဆုံ၊ လမ်းခွ၊ လမ်းဘေးများတွင် သဘာ၀အလျောက် ပေါက်ရောက်နေသော မလွှပင်များအား ခုတ်လဲခြင်းမပြုလုပ်ရန် တားမြစ်ကြပြီး မလွှပွင့်ချိန်တွင် မလွှပွင့်များအား ဆေးဘက်ဝင်စားသုံးရန် ကောက်ယူစုဆောင်း အခြောက်ခံနေလှန်းပြီး သိုလှောင်ထားရှိကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)