သတင်းများ

ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများအား ကြည့်ရှုအားပေး၍ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများအား ကြည့်ရှုအားပေး၍ ဆန်ရိက္ခာများထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် သဘာဝဘေး(မုန်တိုင်းအန္တရာယ်) ကြိုတင်ကာကွယ်ရေးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး နည်းပညာအထက်တန်းကျောင်း (ချင်းမြောင်) သင်တန်းသားရရှိရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်သဘာဝဘေး (မုန်တိုင်းအန္တရာယ်) ကြိုတင်ကာကွယ်ရေးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး နည်းပညာအထက်တန်းကျောင်း (ချင်းမြောင်) သင်တန်းသားရရှိရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
ချောင်းသာမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ယာယီခိုလှုံရေးစခန်းများ ဆောင်ရွက်ထားရှိမှု အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည့်ရှုစစ်ဆေး
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သဘာဝဘေးကူညီကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သဘာဝဘေးရှာဖွေကူညီကယ်ဆယ်ရေးပူးပေါင်းအဖွဲ့ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
မန္တလေးမြို့နယ်တွင် သီတာရေကြောင်း ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာ အစည်းအဝေး ကျင်းပ
May 10,2023
သီတာရေကြောင်း ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏  ၂၀၂၂-၂၀၂၃၊ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သီတာရေကြောင်း ရုံးခန်းမတွင် ကျင်းပခဲ့သည်။
မလှိုင်မြို့နယ် ပညာရေး(ဂျီးအီးစီ) သမဝါယမအသင်း လီမီတက်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
May 10,2023
မလှိုင်မြို့နယ် ပညာရေး(ဂျီးအီးစီ)သမဝါယမအသင်း လီမီတက်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲ အချိန်တွင် မလှိုင်မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ထူ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ၂၀၂၃ ခုနှစ်၊ မေ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ နေ့စွဲပါ ဆိုင်းဘုတ်ထူပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)ရှေ့၌ စိုက်ထူခဲ့သည်။
နတ်မောက်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ၂၀၂၃-၂၀၂၄ ပညသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူ
May 10,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ၂၀၂၃-၂၀၂၄ ပညသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အခြေခံပညာရေး ကျောင်းများရှေ့တွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။