စုကလိမြို့နယ်တွင် မုလအိဆံတော်ရှင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၃၅% အထိ ပြီးစီး
May 10,2023
ရှေးဟောင်းသမိုင်းဝင် မုလအိဆံတော်ရှင် စေတီတော်မြတ်ကြီး၏ တောင်တတ်လမ်းအား မြေသားလမ်းမှ ကွန်ကရစ်ခင်းခြင်းလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် ယနေ့အချိန်တွင် ပြီးစီးမှုမှာ ၃၅%အထိ ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။ မိုးများရွာသွန်းချိန်တွင် တောင်ပေါ်သို့တက်ရောက်ဖူးမျှော်ရန်ခက်ခဲသောကြောင့် ဘုရားဖူးရန် နွေရာသီမှသာ အဆင်ပြေနိုင်ပြီးကွန်ကရစ် လမ်းပြီးဆုံးချိန်တွင် ရာသီမရွေး တောင်ပေါ်သို့တက်ရောက်နိုင်မည်ဖြစ်သည်။