ပိုင်ကျုံ မေ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများကို ပြည်သူများအသိပညာ ဗဟုသုတပိုမိုသိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လူတိုင်းပါဝင်ဆောင်ရွက်ပေး အသိပညာပေးနံရံကပ်စာစောင်ပြသခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် သဘာဝဘေးအန္တရာယ်ဖြစ်သည့် မိုးကြိုးဘေး၊ မြေပြိုဘေး၊ မိုးခေါင်းရေရှားဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေးနှင့် မြေငလျင်ဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ဆောင်ရန် ရှောင်ရန် အချက်များ တို့ကို ပြသဆောင်ရွက်ခဲ့သည်။
ထိုသို့ပြသဆောင်ရွက်ခြင်းကြောင့် ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ပိုမိုသိရှိ စေပါကြောင်း၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြည်သူများ သိသင့်သိထိုက်သည့်အကြောင်းအရာများကို လစဉ်အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ ဆက်)