မော်လမြိုင်ခရိုင် Community Centre ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

မော်လမြိုင်   မေ   ၁၀

မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြတ်သီတာနှင့် ပြည်နယ်မီးသတ်ဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းတို့က သဘာဝဘေးအန္တရာယ်တွင် မီးဘေးအန္တရာယ်ပါရှိကြောင်း၊ သဘာဝဘေးကျရောက်လျှင် ကြိုတင်ပြင်ဆင်မှုများအကြောင်း၊ မွန်ပြည်နယ်အတွင်းဖြစ်တတ်သော သဘာဝဘေးများအကြောင်း၊ မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးဒဏ်များ မဖြစ်ပွားအောင်  ပြုလုပ်ရမည်ဖြစ်ကြောင်းစသည့် ကြိုတင်ကာကွယ်မှုများကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ပြည်သူများ ဗဟုသုတရဖွယ်အကြောင်းအရာကဏ္ဍတို့အား အသိပညာပေးဆွေးနွေးပွဲ (Talk Show)များအဖြစ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ အဆိုပါဆွေးနွေးပွဲများကို We Love Mawlamyine Page တွင် ဝင်ရောက် ကြည့်ရှုလေ့လာ နိင်ပါကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်