ဖြူး မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်ကာကွယ်ရေးအတွက် မုန်တိုင်းဘေးသတိပေးချက် လက်ကမ်းစာစောင်များကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က လူစည်ကားရာနေရာ ရန်ကုန်-မန္တလေး လမ်းမဘေး ဗိုလ်ချုပ်လမ်းထိပ်တွင် လမ်းသွားလမ်းလာသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များက မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်နှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းအန္တရာယ်သတိပေးစနစ်များ၊ ကြိုတင်ပြင်ဆင်ရမည့်အချက်များပါဝင်သည့် သတိပေးလက်ကမ်း စာစောင်(၅၀၀)စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ ဆက်)