သတင်းများ

သံဖြူဇရပ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်အသိပေးနှိုးဆော်ချက်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်
May 10,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီမှဦးဆောင်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မိဘပြည်သူများအနေဖြင့် သိရှိလိုက်နာနိုင်ရေးနှင့်
ပူတာအိုမြို့၌ မြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌဖလား ယူ-၂၃ အမျိုးသား ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနား ကျင်းပ
May 10,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်ထုများအတွင်း အားကစားစိတ်ဓါတ် ထက်မြက်ရှင်သန်လာစေရန်၊ လူငယ်ထုများအတွင်း စည်းလုံးချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်စေရန်နှင့် မိမိဒေသ ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန်သာမက နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်သည့် လှုပ်ရှားမှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကျင်းပပြုလုပ်သည့် မြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌ ဖလား ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပူတာအိုမြို့ ခရိုင်ပြည်သူ့အားကစားကွင်း၌ကျင်းပသည်။
ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Book Club အဖွဲ့မှ စာဖတ်ဝိုင်း ကျင်းပ
May 10,2023
တနင်္သာရီတိုင်းဒေသကြီး ၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club )ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲအချိန်က Community Centre ခန်းမတွင် စာရေးဆရာ ဒေါက်တာဖေမြင့်ရေးသားသည့် မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်အကြံ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
မဟာအောင်‌မြေမြို့နယ်၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 10,2023
မန္တလေးတိုင်းဒေသကြီး မဟာအောင်‌မြေမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မဟာ‌အောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ပိုစတာ ဆိုင်းဘုတ်များကို ယမန်နေ့ နေ့လယ် (၂)နာရီ အချိန်က စိုက်ထူခဲ့ကြကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၀၉:၃၀)နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးတွင်စာဖတ်ဝိုင်းကျင်းပ
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ပြည်သူများအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားရရှိစေရေး၊ စာဖတ်သူပွားများရေးအတွက် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာချစ်ဝင်းညွန့်ရေးသာသည့် အောင်မြင်ရေးအတွေးအခေါ် ၅၀ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။    
ထားဝယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ
May 10,2023
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၁၀ နာရီ က ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။