စဉ့်ကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကူး မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက စဉ့်ကူးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဒေသန္တရစီမံကိန်းများမှ ကဏ္ဍအလိုက်ရည်မှန်းချက်များနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် စီမံကိန်းတာဝန်များ ပေးအပ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာအောင် က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ကဏ္ဍအလိုက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၏ ရင်းနီးမြုပ်နှံမှု ရည်မှန်းချက်များအပေါ် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က လယ်ယာကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များ၊ စက်မှုကဏ္ဍကြီး၏ စီမံကိန်း ရည်မှန်းချက်များနှင့် ဝန်ဆောင်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များအား သက်ဆိုင်ရာဌာနအသီးသီးသို့ တာဝန်ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းက တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်း စီမံကိန်းများအား သက်ဆိုင်ရာဌာနများသို့ ပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)