စုကလိ မေ ၁၀
ရှေးဟောင်းသမိုင်းဝင် မုလအိဆံတော်ရှင် စေတီတော်မြတ်ကြီး၏ တောင်တတ်လမ်းအား မြေသားလမ်းမှ ကွန်ကရစ်ခင်းခြင်းလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် ယနေ့အချိန်တွင် ပြီးစီးမှုမှာ ၃၅%အထိ ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။ မိုးများရွာသွန်းချိန်တွင် တောင်ပေါ်သို့တက်ရောက်ဖူးမျှော်ရန်ခက်ခဲသောကြောင့် ဘုရားဖူးရန် နွေရာသီမှသာ အဆင်ပြေနိုင်ပြီးကွန်ကရစ် လမ်းပြီးဆုံးချိန်တွင် ရာသီမရွေး တောင်ပေါ်သို့တက်ရောက်နိုင်မည်ဖြစ်သည်။
ကွန်ကရစ်လမ်းအား ရွှေလရောင်လင်းလင်း ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ရာတွင် အရှည် ၁၀ မိုင်၈ဖာလုံခန့်အား ကွန်ကရစ်ထု ၈လက်မအား တစ်မိုင်လျှင် ကုန်ကျငွေပေါင်း ၅၆ သိန်းအား အလှူရှင် စေတနာရှင်များ၏ ပါဝင်လှူဒါန်းမှုများဖြင့် ဆောင်ရွက်လျက် ရှိကြောင်းနှင့် ယနေ့ထိ ဆောင်ရွက်ပြီးစီးသည့် လမ်းပိုင်းမှာ ၃၅ % ခန့်ပြီးစီးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)