လဲချား မေ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် တားမြစ်ထားဆေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့မစျေးတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဌာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လဲချားမြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များ တားမြစ်ထားသောဆေးများ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ သဘာဝဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)