လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

လိပ်သို မေ ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် Club များပူးပေါင်း၍ မုန်တိုင်းဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယနေ့မွန်းလွဲ ၁၂  နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ Book Club ,Women Club, Youth Club  အဖွဲ့ဝင်များက  စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲသို့ လိပ်သိုမြို့ရုံးမှ Book Club , Women Club, Youth Club  အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။        

ခင်လေးနွယ် (လိပ်သို)