ဗဟန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်​ကျောင်းအပ်နှံ​ရေး​နေ့လှုပ်ရှားမှု​မြေစိုက်ပိုစတာများစိုက်ထူဆောင်ရွက်

ဗဟန်း  ​မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ယ​မန်နေ့၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့်ဆရာ/ဆရာမများပူးပေါင်း၍ ဗဟန်းမြို့နယ်အတွင်းရှိအ​ခြေခံပညာ​ကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဟူသည့်ဆောင်ပုဒ်နှင့်အညီ ဗဟန်းမြို့နယ်အတွင်းရှိ ​အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံနိုင်​ရေးပိုစတာများစိုက်ထူလှုပ်ရှားမှုးများကို ပေါင်းစပ်ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ​ကျောင်းအပ်နှံ​ရေးလှုပ်ရှားမှုပိုစတာများကို မြို့နယ်အတွင်းရှိအ​ခြေခံပညာ​ကျောင်းများအားလုံး၌​ ဆောင်ရွက်ခြင်းဖြစ်ပြီး ဗဟန်းမြို့နယ်တွင် အထက်တန်း​ကျောင်း(၃)ကျောင်း၊ အလယ်တန်း​ကျောင်း(၃)​ကျောင်း၊ မူလတန်း​ကျောင်း(၁၅)​ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၁)ကျောင်းတို့တွင် စိုက်ထူ​ပေးခဲ့​ကြောင်းသိရသည်။

စန္ဒာမိုး