မြို့သစ်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မြို့သစ် မေ ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီက ရပ်ကွက် အတွင်းသို့ တာဝန်ရှိသူများက လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်ချက်ဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာနေပြည်သူများ အားလာမည့် ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်း တစ်ခုဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ၊ လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ကျချောင်းရေများနှင့် မြေပြိုကျမှုများဖြစ်ပေါ်နိုင်၍ သဘာဝဘေးအန္တရာယ်များကို အစဉ်သတိပြုနေထိုင်ကြရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေး သတိပြုလိုက်နာရမည့် အချက်များကိုအသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)