ခန္တီး မေ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် စုဖွဲ့ထားရှိသည့် သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်တုံ့ပြန်ဆောင် ရွက်နိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သူက မိမိတို့ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျှင်အမြန် ဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်(၃၅)ဦးနှင့် ဖွဲ့စည်းထားရှိပြီး လူ၊ ပစ္စည်းနှင့် ယာဉ်များ အသင့်စုဖွဲ့ထားရှိမှု အခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)