ဖြူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကယ်ဆယ်ဆောင်ရွက်နိုင်ရေးကြိုတင်ပြင်ဆင်ထား

ဖြူး မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း သဘာဝဘေးများဖြစ်သည့် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရာတွင် အသုံးပြုရမည့်ပစ္စည်းများ၊ ဖြစ်ပေါ်လာပါက ထောက်ပံ့ရေးပစ္စည်း၊ ယာယီနားခိုနိုင်ရန် စီစဥ်ဆောင်ရွက်ထားမှုများနှင့်  ကယ်ဆယ်နိုင်ရေး လေ့ကျင့်ထားမှု အခြေအနေများအား သရုပ်ပြသခြင်းကို မေလ(၉)ရက်နေ့၊ မွန်းလွဲ(၃)နာရီက  ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အနေဖြင့် သဘာဝဘေးနှင့်ပတ်သက်၍ ကယ်ဆယ်ရေးအဖွဲ့ စုဖွဲ့ထားရှိမှု၊ ဖြူးဒေသအတွင်း အခြားသဘာဝဘေးများအပါအဝင် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရာတွင် အသုံးပြုရမည့်ပစ္စည်းများ၊  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် ကူညီထောက်ပံ့ရေးပစ္စည်း၏ ရိက္ခာစို/ခြောက်၊ အသုံးအဆောင်ပစ္စည်း(၁၇)မျိုး၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၄)မျိုး၊ လူမှုရေးအသင်းအဖွဲ့များ၏ ကယ်ဆယ်ရေး မော်တော်ယာဉ်များအသင့်ထားရှိမှု၊ မီးသတ်တပ်ဖွဲ့ဝင်များ၏သဘာဝဘေးဖြစ်ပေါ်လာပါက လျင်မြန်စွာကယ်ဆယ်နိုင်ရေးလေ့ကျင့်ထားမှုများ၊ အလားတူ သဘာဝဘေးဖြစ်ပေါ်လာပါက ရဟန်းသံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့် သဘာဝဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းအနေဖြင့် ကြိုတင်စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ထားမှုအခြေအနေများအား အုတ်တွင်းတပ်နယ်မှ စစ်ဦးစီးမှူးပထမတန်း ဒုတိယဗိုလ်မှူးကြီးသန်းဇော်လင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)