ပေါက်တောမြို့တွင် မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက် လှည့်လည်ကြေညာ

ပေါက်တော မေ ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက် လှည့်လည်ကြေညာကြသည်။

ထိုသို့ လှည့်လည်ကြေညာရာတွင် ဘင်္ဂလားပင်လယ်အော် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ် ရောက်ရှိကာ လက်ရှိအခြေအနေတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွှေ့လျားနိုင်သည် အခြေအနေ ရှိပါသဖြင့် မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်း ကျရောက်ခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော မိုးလေဝသတင်းများ ကြည့်ရှုကြရန် အသိပေးနှိုးဆော်ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)