မအူပင် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် သယံဇာတရေးရာ ဝန်ကြီး ဦးအုန်းမြင့်သည် ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို မေလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေ့ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး ဖွဲ့စည်းထားရှိသည့် ဆပ်ကော်မတီများမှ မိမိတို့၏ ကော်မတီများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြရာဝန်ကြီးမှ လိုအပ် သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
s၎င်းနောက် သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်မှ နိဂုံးချုပ်အမှာ စကားပြောကြားပြီး တွေ့ဆုံဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)