ကွမ်းခြံကုန်း မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး၊ အ-ထ-က(၁)၊ အ-ထ-က(၂)ကျောင်းရှေ့များ၌ စိုက်ထူခဲ့ကြောင်း သိရသည်။
ကျောင်းအပ်နှံရေးဆိုင်းဘုတ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ အသိပေးနှိုးဆော်မှုများပါဝင်ကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဦးဦးသန်းမောင်နှင့် ဆရာဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ကြောင်း သိရသည်။
ဆွေနွယ်(IPRD)