နတ်မောက် မေ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ၂၀၂၃-၂၀၂၄ ပညသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အခြေခံပညာရေး ကျောင်းများရှေ့တွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။
နတ်မောက််မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၁၂) ကျောင်းရှိပြီး ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် မြေစိုက်စတာများကို မြို့ပေါ်ရှိ မြို့နယ် ပညာရေးမှူးရုံးရှေ့ မျက်နှာစာတွင်လည်းကောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင်လည်းကောင်း ၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းရှေ့လည်းကောင်း၊ အခြေခံပညာအထက်တန်း ကျောင်း (အောင်ဆန်း)ရှေ့နှင့် အခြေခံပညာအလယ်တန်း ကျောင်းရှေ့နေရာများတွင် ကျောင်းအပ် နှံရေးမြေစိုက် ပိုစတာများကို စိုက်ထူခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှ ၃၁ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
လှဝင်း