ဆိပ်ကြီးခနောင်တို မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သဘာဝဘေးရှာဖွေကူညီကယ်ဆယ်ရေးပူးပေါင်းအဖွဲ့ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး၊ ဘေးအန္တရာယ်ကျရောက်နေစဉ်နှင့် ကျရောက်ပြီးချိန်များတွင် ဆောင်ရွက်ရမည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်သန်းဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးသုံး စက်ကိရိယာများအသုံးပြု၍ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်း၊ လူနာများအား ရှေးဦးပြုစုနည်းသုံး၍ ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အရေးပေါ်အသုံးပြုမည့်ဆေးဝါးများ စုဆောင်းထားရှိမှု အခြေအနေများအား ရှင်းလင်း ပြသခဲ့ကြသည်။
အဆိုပါ သဘာဝဘေး ရှာဖွေကူညီကယ်ဆယ်ရေး စက်ကိရိယာများဖြင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ (IPRD)