သာပေါင်းမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ထူ

သာပေါင်း မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ၂၀၂၃ ခုနှစ်၊ မေ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ နေ့စွဲပါ ဆိုင်းဘုတ်ထူပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)ရှေ့၌ စိုက်ထူခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်() ဦးကျော်တိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်နှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်နှင့် ဝန်ထမ်းများက "၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာမဝေးစေဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်ပါ ၂၀၂၃ ခုနှစ်၊ မေ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ နေ့စွဲပါ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပူးပေါင်းစိုက်ထူးကာ အမွှေးနံ့သာရေများ ပတ်ဖျန်းစိုက်ထူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)