မလှိုင် မေ ၉
မလှိုင်မြို့နယ် ပညာရေး(ဂျီးအီးစီ)သမဝါယမအသင်း လီမီတက်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲ အချိန်တွင် မလှိုင်မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဘာပတိအဖြစ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မောင်မြင့်က ဆောင်ရွက်ပြီး အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် သမဝါယမဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဇော်လင်းကိုက သမဝါယမလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးနှစ် ရှင်းတမ်းအား ဦးနိုင်ဦး ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များနှင့် စာရင်းစစ်အစီရင်ခံစာအား အသင်းသား စာရင်းစစ် ဦးနိုင်လင်းကဖတ်ကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းသားများထံမှ သဘာပတိက အတည်ပြုချက်ယူခဲ့သည်။
မလှိုင်မြို့နယ် ပညာရေး(ဂျီးအီးစီ) သမဝါယမအသင်း လီမီတက်တွင် အသင်းသား (၁၀၉၅)ဦးရှိ၍ အရစ်ကျ ကုန်ကြွေးရောင်းဝယ်ခြင်းလုပ်ငန်း၊ စာရေးကိရိယာ၊ လူသုံးကုန် ပစ္စည်းနှင့် ဝတ်စုံရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၇-၂၀၁၈ ၊ ၂၀၁၈- ၂၀၁၉ ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(၃)နှစ်အတွက် အသင်းသား(၁)ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၃၅၀၀ဝိ/-)နှုန်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)