မန္တလေး မေ ၁၀
သီတာရေကြောင်း ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃၊ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သီတာရေကြောင်း ရုံးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိမှ အဖွင့်အမှာစကားပြောကြားပြီး ချမ်းအေးသာစံမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီလာလွင်ကအမှာစကားပြောကြားခဲ့ပြီးနောက် အသင်း၏ ဘဏ္ဍာရေး ရှင်းတမ်း၊ အသင်း၏ ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားတင်ပြခဲ့ရာ သဘာပတိမှ အတည်ပြုခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီလာလွင်နှင့် တာဝန်ရှိသူများ၊ သီတာရေကြောင်း ငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့ကြပြီး ယင်းအသင်းတွင် အသင်းသား၊ အသင်းသူ ၇၆ဦးရှိပြီး အသင်းသား တစ်ဦးလျှင် ပဲဆီတစ်ပိဿာနှင့် အသင်းသားအားလုံးအတွက် စုဆောင်းငွေပေါ်မှ အတိုး စုစုပေါင်း ငွေကျပ် ၂၉သိန်းကျော် ချီးမြှင့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်