ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများအား ကြည့်ရှုအားပေး၍ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

ဝါးခယ်မ မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများအား ကြည့်ရှုအားပေး၍ ဆန်ရိက္ခာများထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့သည် ဝါးခယ်မမြို့ မင်းပိုင်းရပ်ကွက်၊ သာသနာ့ဗိမ္မာန်တွင် ဖွင့်လှစ်ထားရှိသော ကွပ်ကဲမှုရုံးတွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ တပ်ဖွဲ့ဝင်များအတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးခဲ့‌ကြောင်း၊ ကွမ်းခြံကုန်းကျောင်း တိုက်တွင် လပွတ္တာမြို့နယ်၊ သံဗြူချောင်းကျေးရွာ၊ လမုတန်းကျေးရွာ၊ ချောင်းဗြဲကြီးကျေးရွာ၊ မာလာကုန်းရေကျော် ကျေးရွာ(၄)ရွာမှ ရဟန်း(၂)ပါး၊ ကိုရင်(၅)ပါး၊ ကျား(၁)ဦး၊ မ(၁၅)ဦး၊ ကလေးကျား(၁၀)ဦး၊ ကလေးမ(၉)ဦး၊ စုစုပေါင်း(၄၂)ဦးတို့အား ဆန်ရိက္ခာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)