ဘုတ်ပြင်း မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး ၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club )ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲအချိန်က Community Centre ခန်းမတွင် စာရေးဆရာ ဒေါက်တာဖေမြင့်ရေးသားသည့် မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်အကြံ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး Book Club အဖွဲ့ဝင် ဦးကြည်ဦးက ကရုဏာဆိုသည်မှာ သနားတာနှင့်မပြီးပါ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပေးပြီး Book Club အဖွဲ့ဝင် ဒေါ်ခင်သန်းဆင့်က ဘဝခရီး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ခင်စန္ဒာဦးက ဝီရိယဟူသည် ဇွဲနှင့်သတ္တိ ခေါင်းစဉ်ဖြင့်လည်းကောင်း Book Club အဖွဲ့ဝင် ဒေါ်ဖြူဖြူဖွေးက ဦးနှောက်နှင့် နှလုံသား ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် အသင်းဝင်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့၏အတွေး အမြင်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ စာပေချစ်သူများက ခင်းကျင်းပြသထားသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင် ပတ်သက်သည့် အသိညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို လေ့လာ ဖတ်ရှုခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)