သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုင်းနားဖွံ့ဖြိုးရေးခြံ KBC စခန်းနေ နေရပ်စွန့်ခွာ ပြည်သူများအား အိမ်ထောင်စုများ သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်
May 10,2023
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်ထောင်စုများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေး ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေ ၃ နာရီက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ မိုင်းနားဖွံ့ဖြိုးရေးခြံ KBC စခန်းသို့ သွားရောက်ပြီး အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
ပေါက်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူ
May 10,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ကျောင်းနေအရွယ် ကလေးများအားလုံးကျောင်းအပ်နှံရေးအတွက် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် ကျောင်းအပ်နှံရေးအထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ပေါက်တော)၌ စိုက်ထူကြသည်။
မြေပုံမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများသို့ အသိပေးနှိုးဆော်
May 10,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၅)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ ရှိ ကျေးရွာများတို့တွင် လှည့်လည်နှိုးဆော်လျက်ရှိသည်။
ပန်းတောင်းမြို့နယ်အားကစားကွင်း၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြမှုအခမ်းအနားကျင်းပ
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အားကစားကွင်း၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြမှုများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့၌ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့၏ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
May 10,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ် ပရည်တောင်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်လှစ်
May 10,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပရည်တောင်ကျေးရွာတွင် လူသုံးကုန် ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကျေးလက်ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြိတ်ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ် လုပ်မှု နည်းပညာသင်တန်းကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ရွှေသောင်ယံမြို့တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်မှု အစီအမံများနှင့် ရိက္ခာများ စုဆောင်းထားရှိမှု အခြေအနေအား တိုင်းမှူးနှင့်အဖွဲ့ လာရောက်ကြည့်ရှုစစ်ဆေး
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်ခန့်က အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အဖွဲ့လာရောက်၍ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ် ဆောင်ရွက်ထားမှု အစီအမံများ၊ စားသောက်ရိက္ခာများ စုဆောင်ထားရှိမှုများ၊ ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထာရှိမှုများ၊ ဆေးဝါးများ စုဆောင်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ရွှေသောင်ယံမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများနှင့် တွေ့ဆုံကာလိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ပန်းဘဲတန်းမြို့နယ်ရုံးတွင် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး Talk Show ကျင်းပ
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး၌ ယနေ့နံနက် (၁၁) နာရီအချိန်က သဘာဝဘေးအန္တရာယ်များကို ကြိုတင်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်​စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်အကြောင်းခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပခဲ့သည်။