မိုင်းခုတ် မေ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၀၉:၃၀)နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခမရ(၅၈၀) ဒုတိယဗိုလ်မှူးကြီးနိုင်လင်းမှ အချိန်မရွေးမုန်းတိုင်းအန္တရာယ် ဝင်ရောက်လာနိုင်သည့်အတွက် ထိခိုက်ဆုံးရှုံးမှုမရှိစေရန် ကြိုတင်ပြင်ဆင် ထားရှိရေး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်နိုင်ရေး၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ရပ်ကွက်/ကျေးရွာ အလိုက် ကူညီကယ်ဆယ်ရေး အဖွဲ့များဖွဲ့စည်းရေး၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆေးဝါးများနှင့်အစားအသောက်များ ကြိုတင်ပြင်ဆင်စုဆောင်းထားရှိရေး စသည့်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူတို့က ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဥ်း၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)