ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးတွင်စာဖတ်ဝိုင်းကျင်းပ

ကျောက်တန်း မေ ၁၀   

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ပြည်သူများအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားရရှိစေရေး၊ စာဖတ်သူပွားများရေးအတွက် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာချစ်ဝင်းညွန့်ရေးသာသည့် အောင်မြင်ရေးအတွေးအခေါ် ၅၀ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။      

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ကျောက်တန်းမြို့နယ် Book clubမှအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကျောက်တန်းမြို့နယ် ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက စာဖတ်ဝိုင်းကျင်းပ ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်ကြသူများမှ စာရေးဆရာသန်းဝင်းထွန်း(စွာ)မှ အောင်မြင်ရေးအတွေးအခေါ် ၅၀ စာအုပ်၏ အဓိကထားသင့်သည့် ဘဝဆိုတာ စာတစ်အုပ်ခေါင်းစဥ်ကို ဖတ်ရှု၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအသိပညာတိုးပွားစေရေး လစဉ်စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက် ရှိပါသည်။

မြို့နယ်(ပြန်ဆက်)