မဟာအောင်‌မြေမြို့နယ်၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မဟာအောင်မြေ မေ  ၁၀

မန္တလေးတိုင်းဒေသကြီး မဟာအောင်‌မြေမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မဟာ‌အောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦးက လတ်တလော အရေးပေါ်အခြေအနေအရ မုန်းတိုင်ဘေးအန္တရာယ်  မဖြစ်ပွားမီကြိုတင်ပြင်ဆင်ရန် ပြင်ဆင်မှုအားကောင်းမှသာ ပျက်စီးဆုံးရှုံးမှု နည်းပါးစေမှာဖြစ်ကြောင်းနှင့် ရပ်ကွက်နေပြည်သူများအနေဖြင့် အရေးပေါ်အခြေအနေတွင် ရှောင်ရှားရမည့်နေရာများကို လမ်းညွှန်ပြသထားရှန်လိုကြောင်းနှင့်  ကော်မတီဝင်များအနေဖြင့် လုပ်ငန်းကော်မတီအလိုက် စီမံချက်များရေးဆွဲပြီး တာဝန်လစ်ဟင်းမှု မဖြစ်စေရေးအတွက် ထမ်းဆောင်စေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်း၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်း၊ လုံခြုံရေးလုပ်ငန်း၊ စစ်တမ်းကောက်ယူရေး၊ ပျက်စီး ဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းနှင့် သဘာဝဘေးကြုံတွေ့ လာပါဆောင်ရွက်မည့် အစီအစဉ်များကို ဆပ်ကော်မတီအသီးသီးမှ မိမိတို့ဆောင်ရွက်မည့် အစီအမံများကိုချပြဆွေးနွေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း