ကန့်ဘလူမြို့၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
May 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ယနေ့ နံနက် ၇ နာရီခွဲက မြို့ပေါ်ရပ်ကွက်များအတွင်း မုန်တိုင်း အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ သိရှိကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းများကို ဌာနဆိုင်ရာများ ပူးပေါင်း၍ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။