သတင်းများ

ကွတ်ခိုင်မြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်အတိုအတွင်း ထိထိရောက်ရောက်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၉ ရက်နေ့ (၂)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
May 11,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီက သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပေးချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
တွံတေး၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ အ.မ.က(၁၃)ကျောင်း အမိုးလန်ပျက်စီးမှုဖြစ်ပွား
May 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မင်းပိုင်းရပ်ကွက်အပိုင်း မြဂိုးကျေးရွာတွင် ယနေနေလည်၁နာရီ၁၅မိနစ်မှ ၁ နာရီ ၂၅ မိနစ်အထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြဂိုးကျေးရွာ တွံတေး-မအူပင်ကားလမ်းဘေးရှိ ငါးလုပ်ငန်းသိပ္ပံကျောင်းဝန်းအတွင်းရှိ အ.မ.က(၁၃) ကျောင်းအမိုးလန်ပျက်စီးမှုရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်၌ မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင်ဌာနဆိုင်ရာများ စု‌ပေါင်း၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနှိုးဆော်ခြင်း၊‌ ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ
May 11,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်‌ရေးနှိုးဆော်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ဌာနဆိုင်ရာများစုပေါင်း၍ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးလိုက်လံနှိုးဆော်ပေးခြင်း၊ ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ခြင်းကို မြို့ပေါ်နှင့်ကျေးရွာများ အ‌ ‌ရောက်ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဘာဝ​ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေး ချီ​ဖွေမြို့နယ်၌ ကျင်းပ
May 11,2023
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် စာဖတ်ဝိုင်း ကျင်းပ
May 11,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြင့်တင်နိုင်ရန်အတွက် မေလ ၉ ရက်နေ့ နံနက်(၁၀)နာရီအချိန်က (Bool Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။