ပုသိမ် မေ ၁၁
ပုသိမ်မြို့နယ်အတွင်းရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့က မန်ကျည်းဇင်ကျေးရွာနှင့် ဘောမိကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများသည် မန်ကျည်းဇင်ကျေးရွာ ကွပ်ကဲရေးရုံးတွင် ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ အချိန်မီ ရွှေ့ပြောင်းနိုင်ရေးတို့အား အသိပညာပေး ဟောပြောခဲ့ပြီး ခေါက်ဆွဲခြောက်(၁၈၀)ပါ (၅)ဖာအား မန်ကျည်းဇင်ကျေးရွာ ကွပ်ကဲရေး ရုံးသို့ ပေးအပ်ခဲ့သည်။ ထို့နောက် ဘောမိကျေးရွာတွင် ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး အတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရှင်းလင်းဟောပြောခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများဖြစ်သော ခေါက်ဆွဲ ခြောက်ထုပ် အကြီး (၁၈၀)ပါ(၁၀)ဖာ၊ ခေါက်ဆွဲခြောက် အသေးအထုပ်(၃၀)ပါ(၁၀)ဖာ၊ အိမ်ထောင်စု (၁၀၀) စုအတွက် ပစ္စည်း (၁၇)မျိုးပါ ပုံး(၁၀၀)၊ ရေသန့် (၈၄)ကတ်၊ (၁၅'×၃၀') ရွက်ဖျင်တဲ(၃)လုံး၊ ဒီဇယ်(၁) ပေပါတို့အား ဆိုင်ကလုန်း Shelter တွင် စုဆောင်းထားရှိမှု အား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြင့်ဟန်