သတင်းများ

စစ်ကိုင်းမြို့တွင် ပြည်သူများအလုပ်အကိုင်ရရှိရေး တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်း
Apr 02,2023
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရပ်ကွက်နေပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်အတွင်းရှိ ဆောင်းကြက်သွန်နီစိုက်ပျိုးတောင်သူများ စတင်နုတ်သိမ်းချိန်တွင် တစ်ပိသာ ၁၂၀၀ ကျပ် ရရှိခြင်းကြောင့် ကြက်သွန်စိုက်တောင်သူများ တွက်ခြေကိုက်နေ
Apr 02,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ဆောင်းကြက်သွန်နီစိုက်ပျိုးသည့် ကျေးရွာဖြစ်သော ညောင်ဦးမြို့နယ် ကြအိုကျေးရွာ၊ လက်ထုပ်ကျေးရွာ၊ တောင်ဖက်တန်းကျေးရွာ၊ သဖန်းကုန်းကျေးရွာ၊ သစ်ထောင့်ကျွန်းကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ အောက်ညဉ့်ကျေးရွာများနှင့် ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ချောင်းနှင့် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ကျေးရွာများ ဆောင်ကြက်သွန်များ စတင်နုတ်သိမ်းနေပြီဖြစ်ကာ ကြက်သွန်တစ်ပိသာ ၁၂၀၀ ကျပ် ဈေးရရှိနေပြီး ဆောင်းကြက်သွန်နုတ်သိမ်းချိန် အလုပ်သမားခဈေးကြီးကာ လုပ်သားရှားပါးမှုများလည်း ကြုံတွေ့နေရကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ ဆောင်းကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်က ပြောကြားသည်။
နွေရာသီ အားကစားအခြေခံသင်တန်းဆင်းပွဲကျင်းပ
Apr 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားခဲ့သော နွေရာသီအားကစားအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့နံနက် ၉ နာရီ အချိန်က အင်းတော်မြို့ အင်းမြသာယာ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ညောင်တိုတဲတိုက်သို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၁၆၀၀ ဂါလံ လှူဒါန်း
Apr 02,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စုအတွင်း ညောင်တိုတဲတိုက်သို့ ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၈ နာရီအချိန်က ညောင်ဦးမြို့နယ် တောင်းဇင်းအုပ်စုရှိ ညောင်တိုတဲတိုက်သို့သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း တာဝန်ရှိသူများထံက သိရသည်။
မိုင်းတုံ၌၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရံပုံငွေ ကြီးကြပ်စီမံခန့်ခွဲရေးကော်မတီမှ မွေးမြူရေးအ‌ခြေအနေနှင့် ပိုးသတ်ဆေးပတ်ဖျန်းခြင်းအား ကွင်းဆင်း
Apr 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမ်ြု့နယ်၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရံပုံငွေ ကြီးကြပ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့ဝင်များသည် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူး‌ပေါင်း၍ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် လွယ်ခမ်းလုံကျေးရွာအုပ်စုတွင် စမ်းသီတာ ကျေးရွာ၊ ပါခတ်ကျေးရွာ၊ ဖာချယ်‌ကျေးရွာအုပ်စုတွင် ပန်ကျိုင်းကျေးရွာ၊ များအတွင်းရှိ ဝက်မွေးမြူရေးအစုအဖွဲ့ ၃ ဖွဲ့၏ ဝက်မွေးမြူရေးအ‌ခြေအနေ ဝက်ကျန်းမာရေးနှင့် ဝက်ခြံများ ပိုးသတ်ဆေးများ လိုက်လံပတ်ဖျန်းခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့‌ကြောင်း သိရသည်။
မလှိုင်မြို့နယ်၊ ပျူကန်ကျေးရွာ စိုက်ထွေသမဝါယမအသင်းသားများအား သင်္ကြန်ကာလအထောက်အပံ့ဖြစ်စေရန် အတိုးရငွေနှင့် အသင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်
Apr 02,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပျူကန်ကျေးရွာ စိုက်ထွေသမဝါယမအသင်းနှင့် တော်ဝင်ငွေစု ငွေချေး သမဝါယမအသင်းမှ အသင်းသားများအား သင်္ကြန်ကာလအထောက်အပံ့ဖြစ်စေရန် အသင်းသားပိုင် စုဆောင်းငွေများအပေါ် အတိုးရငွေများနှင့် အသင်းမှထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပျူကန်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။       
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သာယာဝတီမြို့နယ်တွင် စားရေရိက္ခာဖူလုံစေရေး တစ်သီးမှ နှစ်သီး၊ သုံးသီးတိုးမြှင့် စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Apr 02,2023
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များသည် သာယာဝတီမြို့၊ ဈေးပိုင်းရပ်ကွက်၊ ဘူတာလမ်းရှိ ဆရာစံခန်းမ၌ ယနေ့နံနက်ပိုင်းက စားရေရိက္ခာဖူလုံစေရေး တစ်သီးမနှစ်သီး၊ သုံးသီး တိုးမြှင့်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းမန်နေဂျာ ဦးစိုင်းသန်းအောင်နှင့်အဖွဲ့များ၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်း၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာအောင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုစုပေါင်းအင်အား (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြ​သည်။
မြတ်ပညာငွေစု၊ ငွေချေး သမဝါယမအသင်းမှ အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးများ ထုတ်ပေး
Apr 02,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြတ်ပညာ ငွေစု၊ ငွေချေး သမဝါယမအသင်းလီမီတက်မှ အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးများပေးအပ်ခြင်းကို မတ်လ ၃၁ ရက်နေ့မှစတင်ကာ ထုတ်ပေးလျက်ရှိသည်။