မင်္ဂလာဒုံခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
May 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေ စီမံအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထားရှိသည့် အရေးပေါ်သုံးပစ္စည်းများ၊ အရန်သင့်စားသုံးနိုင်သည့် ခေါက်ဆွဲခြောက်၊ ရေသန့်၊ အရေးပေါ် မီးအသုံးပြုနိုင်ရေးအတွက် မီးစက်များ၊ သစ်ပင်များ ၊အဆောက်အဦများပြိုလဲသည့်အခါ အသုံးပြုနိုင်ရန် Chain Saw များ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကာကွယ်ရေး လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ချထားမှု အခြေအနေများကို ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်ကိုယ်စား တိုင်းဥပဒေအရာရှိ ဦးမောင်မောင်တာ၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ စာတည်းမှူးချုပ် ဦးလှရွှေ၊ မင်္ဂလာဒုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။