ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သာယာဝတီမြို့နယ်တွင် စားရေရိက္ခာဖူလုံစေရေး တစ်သီးမှ နှစ်သီး၊ သုံးသီးတိုးမြှင့် စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Apr 02,2023
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များသည် သာယာဝတီမြို့၊ ဈေးပိုင်းရပ်ကွက်၊ ဘူတာလမ်းရှိ ဆရာစံခန်းမ၌ ယနေ့နံနက်ပိုင်းက စားရေရိက္ခာဖူလုံစေရေး တစ်သီးမနှစ်သီး၊ သုံးသီး တိုးမြှင့်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းမန်နေဂျာ ဦးစိုင်းသန်းအောင်နှင့်အဖွဲ့များ၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်း၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာအောင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုစုပေါင်းအင်အား (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။