ကျောင်းကုန်း မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ယမန်နေ့ည ၇း၄၅ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၃)လုံးနှင့် ကျောင်းအုတ်တံတိုင်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရောင်ပြစ်ကွင်းအုပ်စု၊ မကျီးစင်ကျေးရွာတွင်(၁)လုံး၊ ဝက်ခြံဂရက်အုပ်စု၊ ကညင်ကုန်းကျေးရွာတွင် (၅)လုံး၊ ပန်းတောရိုးအုပ်စု၊ ပန်းတောရိုး အရှေ့တွင် (၄)လုံး၊ ပန်တောရိုးအနောက်တွင် (၂) လုံး၊ ကြာဂရက်တွင် (၁)လုံး၊ ကြိုးကြာချောင်လေးတွင် (၆)လုံးနှင့် ကြိုးကြာချောင်ကြီးတွင် (၄)လုံး၊ ဇီးငူအုပ်စု အ.လ.က ဘုရားကြီးကုန်းတွင် ကျောင်းအုတ်တံတိုင်း ပေ(၂၀)ခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
လူနေအိမ် (၂၃)လုံးတွင် ဓနိမိုးထရံကာ(၃)လုံးနှင့် သွပ်မိုးထကံကာ အလုံး(၂၀)ဖြစ်ပြီး၊ ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ်သိန်း (၃၀)ကျော်ဖြစ်ကြောင်းနှင့် လူနှင့်တိရာစ္ဆန်များ ထိခိုက်ပျက်စီး သေဆုံးမှုမရှိကြောင်း သိရသည်။ လေဘေးသင့်ပြည်သူများအား ၎င်းတို့၏ ဆွေမျိုးများထံတွင် ခေတ္တနေရာချထားပေးပြီး၊ အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်နိုင်ရေး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများက ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)