အမာ မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့ နံနက် (၁၀)နာရီ အချိန်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်သတိပြု ကာကွယ်နိုင် စေရန်အတွက် ကြိုတင်ပြင်ဆင်ရ မည့်အချက်များ၊ မုန်တိုင်းဘေး သတိပေးစနစ်တွင် ပါရှိသည့် အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ သဘာဝဘေး အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ သဘာဝဘေးသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးဖြစ် ပေါ်နေစဉ် ဆောင်ရွက်ရမည့်အချက်များနှင့် ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များစသည့် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများ၊ အပူဒဏ် အန္တရာယ်နှင့် ကျန်းမာရေးပြဿနာများအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ၊ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့် ဆောင်ရန်ရှောင်ရန်များ စသည့် အသိပညာပေး အကြောင်းအရာများပါဝင်သော နံရံကပ်စာစောင်အား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြသ ဆောင်ရွက်ထားကြောင်း သိရသည်။
ကျော်ကျော်အောင် (အမာ ပြန်/ဆက်)