ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သဘာဝဘေးအသိပညာပေးခြင်းနှင့် ကူညီကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆက်လက်ပြုလုပ်

ဆိပ်ကြီးခနောင်တို မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးပြောကြားခြင်းနှင့် ရှာဖွေကူညီကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းကို မေ ၁၀ ရက် နေ့လည် ၁ နာရီက ဆမားဒူးဝါးရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က ရပ်ကွက်နေပြည်သူများအား သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ဘေးအန္တရာယ်ကျရောက်နေစဉ်နှင့် ကျရောက်ပြီးချိန်များတွင် ဆောင်ရွက်ရမည့်အကြောင်းအရာများ အသိပေး ရှင်းလင်း‌ ပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးအပါအဝင် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ခေတ်မီရှာဖွေကယ်ဆယ် ရေးသုံး စက်ကိရိယာများဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးဆောင်ရွက်ပုံ၊ ရှေးဦးသူနာပြုစုနည်းဖြင့် ဒဏ်ရာရရှိသူများအား ပြုစုကုသပုံတို့ကို ပြည်သူများအား ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့သည်။

အဆိုပါ သဘာဝဘေး အသိပညာပေးခြင်းနှင့် ရှာဖွေကူညီကယ်ဆယ်ရေး စက်ကိရိယာများဖြင့် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်နှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့နယ်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ ဆက်)