သတင်းများ

ကျွန်းစုမြို့တွင် မီးသတ်ဦးစီးဌာနက မုန်တိုင်းအသိပေးခြင်းနှင့် ရေဘေးကယ်ဆယ်ရေး သရုပ်ပြဆောင်ရွက်
May 11,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ရေဘေးကယ်ဆယ်ရေး သရုပ်ပြခြင်းကို ယမန်နေ့ ညနေ(၃)နာရီခွဲအချိန်က အမှတ်(၁)ရပ်ကွက်ရှိ မြို့အဝင် ဆိပ်ကမ်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်ရှာ ဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး
May 11,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးနှင့် ရပ်ကွက်များတွင် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ထားရှိမှုနှင့်သရုပ်ပြ‌‌ လေ့ကျင့်နေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ကျော်မျိုးနိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ထားမှုအား တာဝန်ရှိ သူများကြည့်ရှုစစ်ဆေး
May 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသမှုများကို ယနေ့နံနက် (၉)နာရီက အမှတ်(၂၃) ခြေလျင်တပ်ရင်း ဘောလုံးကွင်း အတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 
သံတောင်ကြမြေို့နယ် ဒေဒါခိုကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သင်တန်းပြုလုပ်
May 11,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း ပြောင်းလဲဆောင်ရွက်ခွင့်ရသည့် ရွှေနန်းကြီးကျေးရွာနှင့် ရွှေနန်း ကလေးကျေးရွာအား မြစိမ်းရောင်စီမံကိန်းအ‌ကြောင်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာလုပ်ငန်း အဖွဲ့ ဖွဲ့စည်းခြင်း၊ စာရင်းထိန်းသိမ်းနည်းပုံစံများနှင့် လိုအပ်သည်များ ရှင်းလင်းပို့ချခြင်းသင်တန်းကို ယမန်နေ့နံနက်(၉)နာရီအချိန် ဒေဒါခိုကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်
May 11,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက်
လူမှုဝန်ထမ်းဦးစီးဌာန၊ နတ်မောက်မူလတန်းကြိုကျောင်းတွင် ကလေးငယ် (၁၀၀)ဦးအားလက်ခံ၍ ဖွံ့ဖြိုးမှု  ၅ ရပ်နှင့်အညီ လေ့ကျင့်ပြုစုပျိုးထောင်ပေး
May 11,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန နတ်မောက်မြို့ မူလတန်းကြို ကျောင်းအား မေ ၂ ရက်နေ့ကစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကလေးလူငယ် (၁၀၀)ဦးအား လက်ခံ၍ ဖွံ့ဖြိုးမှု ၅ ရပ်နှင့်အညီ လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်တွင် မော်တော်ယာဉ်များဖောင်းကြွနံပါတ်ပြားအသစ်ပြောင်းလဲတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး
May 11,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင် ၊နမ့်စန်မြို့နယ်တွင် မော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲ က အမှတ်(၂)ရပ်ကွက် ၊ မြို့နယ်ပညာရေးမှူးရုံးရုံးရှေ့၊ နမ့်စန်-ခိုလန် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
မိုင်းပန်မြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်ပေး
May 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်သုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အဘိတ်ဆေးခတ်ခြင်းကို မေလ ဒုတိယအပတ်မှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။