ကျောက်တံတားမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ၊ လူပစ္စည်းစုဖွဲ့ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိန် လာရောက်ကြည့်ရှုစစ်ဆေး

ကျောက်တံတား မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လူပစ္စည်းစုဖွဲ့ထားရှိမှုများနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က မြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က သဘာ၀ဘေးန္တရာယ် မကျရောက်မှီ ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် နားခိုရာ နေရာများသို့ ရွှေ့ပြောင်းရန်၊မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်သတင်းများကို စောင့်ကြည့်၍ ကြိုတင်ပြင်ဆင်ထားကြရန်၊ လေဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်ရရှိစေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများနှင့် နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ရန် စသည့် အကြောင်းအရာများ ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ မြို့နယ်ပရဟိတအဖွဲ့များက သဘာ၀ဘေးအန္တရာယ် ကျရောက် လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် သရုပ်ပြသကြရာ အရေးပေါ်ယာယီရွက်ဖျင်တဲ ထိုးနည်း၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ လက်တွေ့အသုံးပြုပုံကို လက်တွေ့ သရုပ်ပြသခြင်း၊ အရေးပေါ်‌ရေနစ်မြုပ်ရာတွင် အသုံးပြုရန် ရေဂါလံဆန့် ရေပုံးများ ဆောင်ရွက်ထားရှိခြင်းများ ဆောင်ရွက်ခဲ့ကြသည်။                                              

အဆိုပါ သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြောခြင်း၊ လူပစ္စည်းစု ဖွဲ့ထားရှိမှုများနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ၁ ဗိုလ်မှူး ကျော်ဇင်ဖြိုးနှင့်အဖွဲ့၀င်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှလှထွေး