မိုင်းစံ မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ မြို့လယ်ဘောလုံးကွင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုဆောင်ရွက်မှုကို မြို့နယ်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များက ရှာဖွေရေးကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများအား ရှာဖွေစုဆောင်းထားရှိရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကယ်ဆယ်ရေးပစ္စည်းအသုံးပြုပုံများအား လက်တွေ့ သရုပ်ပြသခဲ့သည်။
အဆိုပါ လက်တွေ့သရုပ်ပြသမှုကို ဗိုလ်မှူးကြီး ဦးမြင့်စိုး၊ ဒုရဲအုပ်ကျော်စွာဝင်း၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးပြည့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)