ကျိုင်းလပ် မေ ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦး၊ အငယ်တန်းစာရေး ဒေါ်နန္ဒာနိုင်တို့က မူးယစ်ဆေးဝါးအန္တရာယ်တို့ရန်စွယ်၊ လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ သုံးစွဲမိသူတို့အတွက် အန္တရာယ်မှ လွတ်မြောက်ရန် နည်းလမ်းများနှင့် မူးယစ်ဆေးဝါးရောင်း/ဝယ်သူတို့အတွက် ထိုက်သင့်သည့် ပြစ်မှု ပြစ်ဒဏ်များ စသည့်တို့ကို ဆွေးနွေးခဲ့ကြသည်။
လူငယ်လူရွယ်များ အပေါင်းအသင်းတို့ကြောင့် စမ်းသပ်ကြခြင်း၊ စိတ်နာကျင်မှုကြောင့် သက်သာစေရန် ပြုလုပ်ကြခြင်း၊ မိသားစုအခြေအနေများ၊ ငွေကြေးမြောက်များစွာ ရရှိလိုခြင်း အလို့ငှာ ရောင်း/ဝယ်မှုပြုလုပ်ကြခြင်း၊ သောကဒုက္ခများ ပြေပျောက်လျော့နည်းစေရန်အတွက် ပြုလုပ်ကြခြင်း၊ လုပ်ငန်းပင်ပမ်းနွမ်းနယ်မှုကြောင့် မူးယစ်များကို စမ်းသပ်မိကြခြင်းများ မဖြစ်ပေါ်စေရန်နှင့် မူးယစ်ဆေးဝါးသည် နည်းမျိုးစုံဖြင့် ဖျက်ဆီးလွှမ်းမိုးနေလျက်ရှိရာ လူငယ်များ လမ်းမှားမရောက်မိကြစေရန်အတွက် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
မေဇင်ဦး ပြန်/ဆက်