သတင်းများ

ရှမ်းရွာသစ်မြို့တွင် မုန်တိုင်းအန္တရာယ်လျော့ပါးရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
May 11,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မုန်တိုင်းဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် နည်းလမ်းများအား ပြည်သူများသိရှိစေရန်ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ဝေထားသော မုန်တိုင်းအန္တရာယ်လျော့ပါးရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များရှိ ဒေသနေပြည်သူများအား  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ အမှတ်(၁)ရပ်ကွက် ခတ္တာလမ်း ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းစတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ
May 11,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှတ်(၁)ရပ်ကွက်၊ ခတ္တာလမ်းရှိ ကျောက်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းကို မေလပထမပတ်မှစ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ တရားမဝင်းဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
May 11,2023
ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုအသားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအရ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိရတနာဈေးအတွင်းရှိ ဆေးဝါးအရောင်းဆိုင်များအား လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာများ စိုက်ထူဆောင်ရွက်
May 11,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၈လမ်းနှင့် ၆၀(A) လမ်းထောင့် မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် ၁၁၀ လမ်းထောင့်များတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာများ စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  
ချမ်းအေးသာစံမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး မြေစိုက်နံရံကပ်ဘုတ်ပြသ
May 11,2023
မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးပြသခြင်းကို မေလ ၁၁ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ပလောက်မြို့၌ မုန်တိုင်းသတိပေးချက်များအား အသိပေးနှိုးဆော်
May 11,2023
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက ပလောက်နယ်‌မြေ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် တွေ့ဆုံပွဲပြုလုပ်
May 11,2023
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ် ၂၀၂၃ - ၂၀၂၄  ပညာသင်နှစ်  အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုဉက္ကဋ္ဌ  ဦးညီညီအောင်က အခြေခံပညာကျောင်းများရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်နှင့် အုပ်စုမှူးတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက သံတောင်ကြီးမြို့ အထကကျောင်းဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြင်းခြံခရိုင် ပြန်/ဆက်ရုံး မြေစိုက်နံရံကပ်ဘုတ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာပြသဆောင်ရွက်
May 11,2023
မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် သဘာဝလေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာပြသ ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။