ကျောက်ဆည် မေ ၁၁
န္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့အေးမြကြည်လင်ဈေးတွင် ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်ဆောင်ရန်၊ရှောင်အချက်များ သိရှိစေရန် ယမန်နေ့ နံနက်(၈)နာရီက မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆို င်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းဘေးပညာပေးလက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန် ရှောင်ရှားသင့်သည့်အချက်များ၊ လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ စသည်တို့ဖော်ပြပါရှိပြီး ကျောက်ဆည်ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့်ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းနှင့်ဝန်ထမ်းများက ပြည်သူများလက်ဝယ်အရောက် မုန်တိုင်းဘေးပညာပေးလက်ကမ်းစာစောင် (၃၀၀) စောင်ကို အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
တင်တင်ထွေး