နတ်မောက် မေ ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန နတ်မောက်မြို့ မူလတန်းကြို ကျောင်းအား မေ ၂ ရက်နေ့ကစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကလေးလူငယ် (၁၀၀)ဦးအား လက်ခံ၍ ဖွံ့ဖြိုးမှု ၅ ရပ်နှင့်အညီ လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မူလတန်းကြိုကျောင်းတွင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာ ရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးမှုများရရှိစေရေးအတွက် ကစားခြင်းဖြင့် သင်ကြားနည်း၊ တေးဂီတဖြင့်သင်ကြားနည်း၊ အခြေခံပန်းချီဖြင့် သင်ကြားနည်း၊ လက်မှုဖြင့်သင်ကြားနည်းများကို (၃)နှစ်မှ (၅) နှစ် အရွယ် ကလေးငယ်များအား အသက်အရွယ်အပိုင်းအခြားအလိုက် ဆရာ/မများက လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း နတ်မောက်မူလတန်းကြိုကျောင်းအုပ် ဆရာမ ဒေါ်ထက်ထက်ထံကသိရသည်။
လှဝင်း