မိုင်းပန်မြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်ပေး

မိုင်းပန် မေ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်သုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အဘိတ်ဆေးခတ်ခြင်းကို မေလ ဒုတိယအပတ်မှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းပန်မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေး ဦးစီးမှူး ဒေါက်တာနိုင်လင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များတို့က လူနေအိမ်များတွင် ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သည့် ရေများခိုအောင်းနိုင်ရာနေရာများဖြစ်သည့် ရေအိုင်၊ ရေကန်များတွင် အဘိတ်ဆေး ခတ်ပေးခြင်း၊ ဘုရားပန်းအိုးများကို ပုံမှန်လှဲလှယ်ပေးစေခြင်းနှင့် အသုံးမပြုတော့သော အိုး၊ ခွက်၊ ပန်းကန်ဟောင်းများအတွင်းရှိ ရေများသွန်ပစ်ခြင်း စသည်တို့ကို တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)