သတင်းများ

ပျဉ်းမနားမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ မုန်းတိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
May 12,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊‌ ပျဉ်းမနားမြို့နယ်အတွင်း မုန်းတိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက အသိပေးနှိုးဆော်ခဲ့သည်။
ကျောက်တလုံးကြီးမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်း
May 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လဲပြိုကျနိုင်ပြီး ထိခိုက်မှုအန္တရာယ်ရှိနိုင်သည့် လမ်းဘေးဝဲယာရှိ သစ်ပင်၊ သစ်ကိုင်းကြီးများကို ယမန်နေ့နံနက် (၈)နာရီက ခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။
မိုင်းခတ်မြို့နယ်Community Centre ၌ သဘာဝဘေးအန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက်
May 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဖြစ်သည့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကိုယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က လူထုအ‌ခြေပြဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်‌ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် ပြင်ဆင်ဆောင်ရွက်ထား
May 12,2023
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျရောက်လာပါက အချိန်နှင့်တပြေးညီ လျင်မြန်စွာ တုံ့ပြန်ကူညီဆောင်ရွက်ပေးပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် လျင်မြန်စွာကူညီ ဆောင်ရွက်နိုင်ရန် ယမန်နေ့ ကယ်ဆယ်ရှာဖွေရေးပစ္စည်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိကြောင်း သိရသည်။
မိုးမိတ်မြို့တွင် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
May 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ခရိုင်မီးသတ်ဦးစီးဌာနစခန်း၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ပွဲအစီအစဉ်ပြုလုပ်
May 12,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်နှင့် အခြားသဘာဝဘေး အန္တရာယ်များအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ကြိုတင်ပြင်ဆင်မှု ပြုလုပ်နိုင်ကြစေရန်ရည်ရွယ်၍ မုန်တိုင်းအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show) ပွဲအစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ပွင့်ဖြူမြို့နယ်၌ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ် ပို့ချ
May 12,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ အနာဂတ် မျိုးဆက်သစ် လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ ဗုဒ္ဓအဆုံးအမတရားတော်များနှင့်အညီ ယဉ်ကျေးလိမ္မာစွာ ပြုမူပြောဆိုနေထိုင်တတ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းကို မေ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့သည်။
အောင်လံမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
May 12,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့တွင် ပြည်သူများ မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို သိရှိစေရန်ရည်ရွယ်၍ မုန်တိုင်းအန္တရာယ် ကာကွယ်ရေးဆိုင်ရာ နံရံကပ်စာစောင် အသိပညာပေးနံရံကပ်စာစောင်တို့ကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်ရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသခဲ့သည်။