ချမ်းမြသာစည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်ရှာ ဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး

ချမ်းမြသာစည် မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ  ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးနှင့် ရပ်ကွက်များတွင် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ထားရှိမှုနှင့်သရုပ်ပြ‌‌ လေ့ကျင့်နေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်မျိုးနိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် မိုးရာသီအတွင်း ဖြစ်ပေါ်တတ်သည့် သဘာ၀ဘေးအန္တရာယ်များနှင့် မြို့အတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသ အခြေအနေများကို ပြည်သူများထံသို့ အချိန်မီအသိပေးပြန်ကြားပြီး ဘေးအန္တရာယ်များဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ် ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို မဖြစ်မနေ ကြိုတင်စုဆောင်း အသင့်ထားရှိကြ ပါရန်ပြည်သူများအားလက်တွေ့သရုပ်ပြသခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံ သရုပ်ပြခြင်းနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးက ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်စိမ်းဝင်း (မြို့နယ် ပြန်/ဆက်)